top of page
Search

how to write an IMPRESSIVE "CV"

  • smarternowinstitut
  • Jan 17, 2022
  • 1 min read

Updated: Jan 27, 2022

CV ဆိုတာ ကိုယ်crush ဖြစ်တဲ့သူကို စပြီး သွားစကားပြောသလိုမျိုးပဲ။ စတွေ့တာနဲ့ First Impression ရအောင်ဘယ်လိုယူရမလဲဆိုတာ သေချာပြင်ဆင်ရမယ်။ ဘာတွေလွဲတတ်လဲ?

ပေးထားတဲ့ Phone ကအမှားကြီး .... communication officer လျောက်တယ် email နာမည်က sexyguyတို့ beautyAngelတို့ uglydaddyတို့ foreverfighterတို့ jinn.kaung တို့ဖြစ်နေရင် ဘယ်လို message တွေပေးနေလဲ ... မလိုအပ်ပဲနဲ့ nicknameကိုထည့်တယ် nickname ကလည်းမခန့် ... ကိုးကွယ်တဲ့ဘာသာထည့်ပြန်တော့လည်း Buddha ဗုဒ္ဓဆိုတော့ ထိုင်ပဲကန်တော့ရမလိုလို ... မွေးနေ့ဆိုတော့ ရက်စွဲတင်မပြီးသေး ရာဟုသား စနေအထွန်း ဆိုတော့ ယတြာပဲခြေပေးရမလို ဗေဒင်ပဲဟောပေးရလို ... model လျောက်မှာလည်းမဟုတ်ဘဲ အလွန်အကျွံ ပဲတွေကျွေးထားတာများ ... မရေးလည်းရပါရဲ့နဲ့ ထည့်ထားတဲ့ hobbies and interests တွေက လျောက်တဲ့အလုပ်နဲ့ ပြဒါးတလမ်း သံတလမ်း ... ထည့်ထားတဲ့ Referee တွေက လျောက်တဲ့အဖွဲ့မှာ တလွဲတွေလုပ်ပြီး ထွက်သွားသူ၊ အလုပ်ထုတ်ခံရသူ ... CV တခုလုံးမှာလဲ spelling errors တွေ၊ အဆိုးဆုံးက အရင်အလုပ် job title တွေမှာမှားတာ၊ Sail Promoterတဲ့ General Manager ကို Generator Manager၊ Marketing Director ကို Marketing Doctor တဲ့၊ Finance Officer က Fiance စေ့စပ်ထားသူတဲ့ ... အရင်အလုပ်တွေ reasons for leavingကို လျောက်တဲ့အဖွဲ့က CV မှာ ဖော်ပြပါဆိုတော့ အရင်အလုပ်တွေအားလုံးမှာ to get higher salary တဲ့ ... ဆိုင်ဆိုင် မဆိုင်ဆိုင် တက်ထားတဲ့ သင်တန်းတွေအကုန်ထည့်ထားတာများ CV နဲ့ သင်တန်းကျောင်းကြော်ငြာမှားလောက်တယ် ... အလုပ်အတွေ့အကြုံတွေများ ရေးထားလိုက်တာများ အလုပ်ခေါ်စာ 5ခုလောက်စုပေါင်းထားသလိုမျိုး၊ အရေးကြီးတာ highlight မလုပ်ဘဲ အရင်အလုပ်တွေက Job Descriptions တွေကို copy paste တွေလုပ်ထားတာ CV ဖဆယတ်နေတဲ့ HR Officer က vacancy announcements တွေဖတ်နေရတာ်တောင် အထင်မှားမယ် ...

Impression ကောင်းတဲ့ CV ရေးတတ်ခြင်ရင် Job Hunting skills သင်တန်းမှာဆုံမယ်နော်

 
 
 

Recent Posts

See All
7 Rs for better life!

ဆောင်ထားသင့်တဲ့ 7 Rs 1) Refuse လက်မခံသင့်တဲ့ တောင်းဆိုမှုတွေငြင်းပါ 2) Reflect လုပ်ခဲ့တာတွေကို ပြန်ဆန်းစစ်ပါ 3) Repeat...

 
 
 
Tips for Job Interview

1) သင့်တော်မဲ့ဟာဝတ်ပါ အလွန်အကျွံမဝတ်ပါနဲ့၊ ပေါ့ပျက်ပျက်လည်းမဝတ်ပါနဲ့။ ဖြစ်နိုင်ရင် အင်တာဗျူးချိန်းဆိုဆက်သွယ်သူကို dress code မေးပါ။...

 
 
 

Comments


Post: Blog2_Post

+959971380670

©2022 by SmarterNow - Training Institute. Proudly created with Wix.com. Thanks/credit to Wix!

bottom of page