Tips for Job Interview
Updated: Jan 27, 2022
1) သင့်တော်မဲ့ဟာဝတ်ပါ အလွန်အကျွံမဝတ်ပါနဲ့၊ ပေါ့ပျက်ပျက်လည်းမဝတ်ပါနဲ့။ ဖြစ်နိုင်ရင် အင်တာဗျူးချိန်းဆိုဆက်သွယ်သူကို dress code မေးပါ။ ကိုယ်လုပ်ရမဲ့ အလုပ်တာဝန်ရာထူးကို ထင်ဟပ်ပံပိုးပေးမဲ့ဟာကို ဝတ်ပါ 2) interview ကို အချိန်မီရောက်ပါစေ၊ စောရောက်နိုင်အကောင်းဆုံးပါ 3) အင်တာဗျူးသူတွေရဲ့ အထာကို အမြန်ဆုံးအကဲခတ်လေ့လာပါ 4) မေးတာကို ဖြေပါ၊ မမေးပဲဖြေဖို့လိုရင်လည်း ဂရုတော့စိုက်ပါ 5) သေချာနားထောင်ပါ၊ ဖြေရင်လည်းလိုသလောက် ကျစ်ကျစ်လစ်လစ်ဖြေပါ၊ လေကြောတွေမရှည်နေပါနဲ့ အာလူးသွားဖုတ်နေတာမဟုတ်ပါ 6) ဥပမာကောင်းတွေပေးပြီး ဖြေပါ၊ လမ်းကြောင်းလွဲသွားမဲ့ အထင်မှားသွားမဲ့ သာဓကတွေ စကားတွေကိုရှောင်ပါ 7) ကိုယအြားသာခကွမြွားကြိုဆှဲခေါပြှီး ထငျရှားအောငျဖွပေါ၊ အားနညျးခကြျတှကေို လိမ်မာပါးနပျစှာဖွပေါ၊ လိမျစရာမလိုပါ အလုပ်လိုခြင်လွန်းပြီး တကယ်လက်မခံနိုင်တဲ့ မလုပ်ခြင်၊ မတတ်တဲ့ဟာတွေကို ခေါင်းတွေအတင်းမညိတ်ခဲ့ပါနဲ့ Body language ကိုသတိထားပါ 9) မေးသင့်တာတွေ မေးခွင့်ရရင် မေးပါ၊ အလုပ်နဲ့ အဖွဲ့ကို စိတိဝင်စားမဲ့ အရိပ်အယောင်ပြမဲ့မေးခွန်းတွေ မေးပါ၊ ရရှိမဲ့အခွင့်အရေးတွေကိုပဲ ဖိမေးရင် အထင်လွဲသွားပါမယ်

Comments